Sunday, December 14, 2008

ချစ်သူသို့

ရင်ခွင်ထဲမှီတွယ်နေသူကို
ဟိုး . . . အဝေးဆုံးတစ်နေရာအထိ
ဆွဲခေါ်သွားသူ

ဘ၀အကြောင်းတွေရှင်းပြပြီး
ထောင်ချောက်ခလုပ်လေးတွေ
ဖွင့်ပြသူ

ထက်နေအောင်သွေးထားတဲ့
စွမ်းပကားတွေအတွက်
ဘ၀တစ်ခုကို လက်ဆောင်ပေးရုံကလွဲလို့
ငါဘာတတ်နိုင်တော့မှာလဲ

ဒါပေမဲ့ . . .
တည်ငြိမ်နေတဲ့ဘ၀ထဲ
နားလည်မှူတွေ နဲ့ အကြင်နာတွေဟာ
ငါချစ်သူ. . . နင့်တစ်ယောက်အတွက်သာဆိုတာ
သိစေချင်တယ်

မျှော်လင့်ချက်မရှိတဲ့
အနာဂတ်မပါတဲ့
ဒီလမ်းမှာ . . .
လိုအပ်တိုင်း အနမ်းတွေဆက်ပြီး
နင်တစ်ခါပြုံးပြရင်တောင်
ကျေနပ်တတ်တာ
ငါ . . .
အချစ်ငတ်တတ်ရုံသတ်သတ်မို့ပါဟာ . . . ။ ။

No comments: