Monday, December 15, 2008

ကြိုး

မချည်ဘဲတည်တဲ့ကြိုးတွေ
မတည်ဘဲပြေတဲ့ကြိုးတွေ
ရင်မှာအထပ်ထပ်
အစင်းရာ ဘလပွနဲ့ပေါ့ ...

နောင်တဆိုတာ
ထပ်ပြီးလက်ခံနိုင်စွမ်းမရှိတော့တဲ့အချိန်
.......
ကြိုးတစ်ကြိုးက ရင်မှာငြိတယ်

ငါ .. ဘာကိုမှ
မရည်ရွယ်လိုက်ဘူး ..

သာပါစေ နာပါစေ
မေတ္တာတွေ စေတနာတွေ ထက်
နင်ပါတဲ့ ပစ္စုပ္ပန်တွေမှာ

ငါ ....

ရင်ထဲကအတိုင်း အသက်ရှင်မိတာ



အဲ့ဒါ ..

အမှားတစ်ခုဆို ...

အပြစ်တစ်ခုဆို ...



တစ်ဖက်လှည့် နောက်ဆုတ်

ခြေရာဖြောက်ဖို့လဲ

ဘယ်လို အင်အားရှိမလဲ ....



စည်းဘောင်တွေ တစ်ဖက်က

မချည်ဘဲ တွယ်ငြိတဲ့ကြိုးကို

မရည်ရွယ်ဘဲနဲ့တော့

မပြတ်တောက်စေချင်ဘူး ....

1 comment:

moekhar said...

မချည်ပဲ တွယ်ငြိတဲ့ကြိုး ..
ငြိပဲ ငြိနိုင်လွန်းတယ်နော် .. အကုန် ကပ်ကြေးနဲ့ ညှပ်ပလိုက်ရင်ကောင်းမလား .. :D