Sunday, December 14, 2008

မယ့်ရင်ဝယ်

လျှပ်ပန်းလျှပ်ရောင်-မိုးလုံးမှောင်မဲ
တခြိမ့်ခြိမ့်သိမ်း-လွှတ်ရန်တာစူ
ရန်ဘက်အလား-အားမညှာတာ
ရွာပေတော့မည်-တိမ်ညို့အုံးကျွတ်
ရင်ဝယ်ဖွက်ကာ-ချစ်ခွန်းလွှာတို့
တိမ်ညိုအုတ်နှယ်-လေးပင်သယ်ပိုး
ပန်ဆုမလွယ်-ကျိန်စာမိကဲ့
ဖော်ကျွမ်းသူနှင့်-လွမ်းရန်ဖန်မို့
ဤဘ၀၀ယ်-သည်းအူပြတ်ကြွေ
မယ့်သည်ပင်ကို-စိုးစင်းမဟူ
မပူစေ၍-ထပ်၍ကျိပ်သည်း
ကွယ်ပေတည်းမူ-တစ်ထီးတည်းသာ
ရှိုက်၍ငိုချေပေတော့မည် ။ ။

No comments: