Tuesday, December 16, 2008

အိမ်မက်များ (၅)

မပြိုင်ကတည်းက အရှုံးပေးပြီးသားပါ

ကိုရယ် ...



ချစ်တဲ့အကြောင်းတွေ မပြောဖြစ်ခဲ့သလို

လွမ်းတဲ့အကြောင်းတွေလဲ

ပြောခွင့်မှမရှိတာ....



နိဂုံးက နိဒါန်းမတိုင်ခင်ကတည်းက

ကျွန်မအတွက် ရေးပြီးသား



ကျွန်မမေ့ခဲ့တဲ့ဇာတ်သိမ်းကို

အချိန်က ....

မမေ့မလျော့ ယူဆောင်လာတော့

.........



သိပ်စောလွန်းတယ်လို့လဲ

စောဒက မတက်ရဲပါဘူး ...



အတွေးတွေကနေ

အဆွေးတွေဖြစ်ဖြစ်သွားပြီ





ကိုရယ်..

ကျွန်မက .. အခုမှ

နေ့သစ်တွေက ရောင်ခြည်နုထွေးတွေကို

ကြည်နူးစွာ ခံယူနေတုန်း ..



တကယ်တော့..

ဆည်းဆာက ပူလောင်လွန်းပါတယ်လေ.. ။ ။

1 comment:

moekhar said...

ကြိုက်ပါတယ် ..း)
ဆည်းဆာချိန်ထိ ပူနေတုန်းလား .. ဒါပေမယ့် ခံယူချင်နေတယ်ဟုတ် ..