Sunday, December 14, 2008

တစ်ခါက သူမ ...

တစ်ချိန်တစ်ခါက သူမဟာ ဘုရင်မ
အရာရာကိုစွမ်းဆောင်နိုင်တယ်
လူတစ်ချို့အရှေ့ ဂုဏ်ယူစွာနဲ့
ဖြတ်သွားခဲ့တယ်....
နှလုံးသားတစ်ခုကို
အပိုင်စားခံပြီး
ဘ၀တစ်ခုလုံး မြှုပ်နှံခဲ့တယ်
သူမအုပ်စိုးတာ
သူ့နှလုံးသားနဲ့ဘဝ
သူမမြတ်နိုးတာ
သူ့အကြင်နာနဲ့အယုယ
သူမကမ္ဘာကို ထိပါးချင်တယ်ထင်ရင်
သူ့လက်ကိုတွဲ ဦးကိုမော့ပြီး
အရာရာရင်ဆိုင်မယ့်ပုံမျိုး
ရှင်ဘုရင်တစ်ပါး တိုင်းပြည်ကို မြတ်နိုးသလို
သူမမြတ်နိုးခဲ့တယ်..
စစ်သူကြီးက စစ်ပွဲကို အလေးထားသလို
သူမအလေးထားခဲ့တယ်...
တကယ်တော့
သူ နဲ့ပတ်သတ်သမျှဟာ
သူမ အတွက် အင်မတန် ကြီးကျယ်ခမ်းနား နေခဲ့တယ်..
ဘယ်လောက်တောင်များလဲဆိုရင်လေ
နန်းကျဘုရင်မဘ၀မှာတောင်
သူမတစ်ဖွဖွနဲ့ ရေရွတ်နေတတ်တယ်
အတိတ်က အုပ်စိုးခဲ့တဲ့အချိန်တွေ အကြောင်းပေါ့....... ။

No comments: