Sunday, December 14, 2008

ဒုတိယ ဧ။် ပထမ

ငါမတက်ဘူးတဲ့ ရန်ကုန်တက္ကသိုလ်မှာ
နင်မကြိုက်ဘူးတဲ့ "စော်" ရယ်ကို မရှိဘူးဆိုတာ
သိလိုက်ရတော့
တစ်ခါမှ နတ်မပူးဘူးတဲ့ နတ်ကတော်လို
ငါရယ်လေ ဟာတာတာကြီး . . .

"ကျား" မှန်ရင်မကင်းဘူးဆိုပြီး
နင်မရှင်းမရှင်းလုပ်ခဲ့တာတွေ
အခုချိန်အထိ စာရင်းကမပြီးသေးတော့
ငါ့ရင်ထဲမှာ စပ်ဖျဉ်းဖျဉ်းနဲ့
ချိုချဉ်နဲ့ ငရုတ်သီး တလှည့်စီစားနေရသလိုဘဲ . . .

ဦးနှောက်နဲ့ ပါးစပ် အရမ်းလိုက်ဖက်တဲ့
နင့်ဆီက စကားလုံးအကြီးကြီးတွေ
နှလုံးသားဘဲအသုံးချတဲ့ ငါ့ရင်ထဲ
ဝင်ဝင်ဆောင့်တော့
မွန်းကျပ်မှုကို လူမသိအောင်
တိတ်တိတ်ပုန်း ရည်းစားလဲ မထားမိပါဘူး . . .

နင့်အတွက် အဆင်သင့်ဖြစ်နေတဲ့
ငါ့ရဲ့ မနက်ဖြန်တွေ မှာ . .
ငါ့အတွက်အဆင်သင့်မဖြစ်တဲ့ နင်
"ဒုတိယ" ဆိုတဲ့အဆင့်ပေးမယ်ဆိုလဲ
ငါ "ပထမ" ဆုံးကနေတန်းစီနေမယ် . . . ။ ။

1 comment:

neking said...

ဟဟ ရယ်ရတယ်....ဆောင့်ကြီးအောင့်ကြီး လေသံနဲ့ရွတ်ရင် ပိုပီပြင်နိုင်မယ်...

ကောင်းတယ်... ဒါမျိုးလေးတွေ ဆက်ရေးပါ