Sunday, January 17, 2010

ဝေးပြီး

ဘာလို့ ဓာတ်ပုံတွေမမြင်ချင်လဲဆို
အသိစိတ်က အမြင်နဲ့တင်
ကျွမ်းအောင်လွမ်းဖို့ လုံလောက်နေပြီလေ

ဘာလို့ အသံမကြားချင်လဲဆို
မနှစ်သက်ကြောင်းပြောသံလေးတွေကို
မှတ်ဥာဏ်က ထပ်ပြီးမသိမ်းဆည်းနိုင်လောက်အောင် များနေပြီလေ

ဘာလို့မဖြေရှင်းလဲဆို
နှလုံးသားနဲ့ စိတ်ဓာတ်က နလံမထူနိုင်အောင်
ပြိုကွဲပျက်စီးသွားပြီလေ

ဘာလို့ ပြုံးနေလဲဆို
အသက်ရှင်နေရသေးလို့လေ
ဘာလို့ အသက်ရှင်နေရသေးတာလဲဆို
ငါ.. မသေနိုင်သေးလို့ပေါ့ ချစ်လေးရယ်.. ။

1 comment:

neking said...

သေတော့သေပါနဲ့ဦးသူငယ်ချင်းရယ်...
အချစ်အတွက်မဟုတ်တောင်...
အလွမ်းအတွက်မဟုတ်တောင်...
နှလုံးသားအတွက်အသက်ရှင်ပါဦးနော်